ကိုယ်ခံပိုးထုတ်လုပ်ရာတွင် လိုအပ်သည် အင်တီဂျင်
ပြင်ပ ကနေ ကိုယ်ခန္ဒာ တွင်း ရောက် လာလျှင် ရောဂါ ဖြစ်စေ နိုင် တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို ဖြစ်သည်။ ကိုယ်ခံအား ပိုးက ယင်းတို့ ကို တွေ့ ရင် ရောဂါ ကိုတိုက်ဖျက် နိုင်တဲ့ ကိုယ်ခံအား ကို ထုတ်ပေးသည်။
ဆိုးရွားသည့်အဖြစ် (တန်ပြန်ခဲ့ခြင်း)
ကာကွယ်ထိုးဆေး သို့မဟုတ် သောက်ဆေးကြောင့် မမျှော်လင့်သည့် စိုးရိမ်ဖွယ်သက်ရောက်မှု တခုခုဖြစ်ခြင်း။ မမျှော်လင့်ခဲ့သည့်အဖြစ်အပျက်။
အားလျှော့ထားသည့် ကာကွယ်ဆေး
ကာကွယ်ဆေးများသည်အားလျှော့ထားသည့်ရောဂါပိုးများကိုဖြစ်စေသည့် ဆေးများကိုအသုံးချသည်။ ဤကာကွယ်ဆေးများကို အသုံးချ၍ သဘာဝအားဖြင့်ဖြစ်သည့် ရောဂါပိုးများကို ကာကွယ်ပေးသည်။ ၄င်းသည် ရေရှည်အားဖြင့်စွမ်းအားကောင်သည့်ကိုယ်ခံအားကိုပေးသည်။
ကာကွယ်ဆေးပေါင်းစပ်ထာခြင်း
ကာကွယ်ဆေး၂မျိုးသို့မဟုတ်၂မျိုးထက်များသည့်အမျိုးအစားများကိုပေါင်းစပ်ပြီးဆေးတချောင်းတည်းအနေနှင့်ထိုးပေးခြင်း။
စမ်းသပ်မှုအတွက်စုစည်းထား သည့်လူတစု
ကာကွယ်ဆေး သို့မဟုတ် ဆေးအသစ်ကို မပေးထားတဲ့လူတစု။ ဒီလူတစုကို သာမန်ဆေးပေးခြင်း (သောက်ဆေး၊ ထိုးဆေး၊ကုသခြင်း) သော်၎င်း၊ မည်သည့်အာနိသင်မျှမရှိသည့် ဆေးကိုသော်၎င်း ပေးခြင်းဖြစ်သည်။ ဤကဲ့သို့စမ်းသပ်ခြင်းအားဖြင့် လူတစုနှင့် တစု ရလဒ်ကွာခြားချက်များ ကိုနှိုင်းယှဉ်နိုင်သည်။ ရလဒ်များ သိသိသာသာ ကွာခြားမှု ရမှသာလျှင် မတော်တဆ ဖြစ်သည်ဟုမှားယွင်းနိုင်စရာမရှိတော့ပါ။
အာနိသင်မရှိသည့် ဆေးဆိုရာမှာ၊ ဆေးနှင့်တူသည့်ဆေးပြား (ဥပမာ သကြား ထည့်ထားသည့်ဆေး) မျိုးကိုဆိုလိုခြင်းဖြစ်သည်။
ကိုးဗက်စ် ပူးပေါင်းဆောင်ရွက်မှု
ကိုးဗစ်-၁၉ ကာကွယ်ထိုးဆေး များကိုကမ္ဘာ အနှံ့ မျှမျှ တတ ထုတ်လုပ် ဖြန့်ဝေပေး နိုင် ရန် ပူးတွဲထောက်ပံ့ ပါဝင် ဆောင်ရွက်သည့် နိုင်ငံတကာ ပူးပေါင်းရေးကွန်ယက်။
ထိရောက်မှု
ကမ္ဘာ တဝှမ်းကာကွယ်ထိုးဆေးထိရောက်မှု တကယ်တန်းအားဖြင် မည်မျှ ရှိသည် ကိုဆိုလိုသည်။
ဗိုင်းရပ်စ် ပိုး ဖြန့်ထုတ်ခြင်း
ကျွန်ပ်တို့ ကိုယ် ခန္ဒာ တွင်းက ထုတ်လုပ်သည့် ဗိုင်းရပ်စ် ပိုးများ ဘေး ပတ်ဝန်းကျင်သို့ ဖြန့်ထုတ်ခြင်း ကိုဆို လိုသည်။ ထို အချိန်တွင် ရောဂါ ကို ကူးဆက်ပြန့်ပွါးခြင်း အခြားသူများ ကို ကူး ဆက်စေခြင်းဖြစ်လာ နိုင်သည်။
ကိုယ်ခံပိုး
ကိုယ်ခန္ဒာကမကျန်းမမာဖြစ်လျှင်၎င်း၊ ကာကွယ်ဆေးထိုးလျှင်၎င်း၊ မိမိခန္ဒာကိုယ်က ခန္ဒာကိုယ်ကို အကာအကွယ်ပေးရန် ကိုယ်ခံပိုးများ ထုတ်လုပ်သည်။
နောက်တကြိမ် ဒီရောဂါက ခန္ဒာကိုယ်ထဲကိုဝင်လာရင် ခန္ဒာကိုယ်က မှတ်မိနေပြီဖြစ်ပါတယ်။
အအေးစက်ဖြင့်သယ်ယူပို့ဆောင်ရေး
ကာကွယ်ဆေးများကို လိုအပ် မှန်ကန်သည့်အပူချိန် ဖြင့် သယ်ယူပို့ဆောင်ရေး။