အဒ်ဂျူးဗင့်
အချို့ ကာကွယ်ဆေး ပြုလုပ်ရာတွင် အဒ်ဂျူးဗင့်ကို သုံးသည်။ ၄င်းက မိမိခန္ဒာကိုယ်ကို ကိုယ်ခံအား ဖြည့်တင်းပေးသည်။ အဒ်ဂျူးဗင့်သည်ကာ ကွယ်ဆေးထဲပါဝင်သည့် အပိုင်းများနှင့် ပူးပေါင်းဆောင်ရွက်သည်။ ၄င်းကို ကာကွယ်ဆေးပြုလုပ်ရာတွင် အသုံးချခဲ့သည် မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ပါသည်။
ဆိုးရွားသည့်အဖြစ် (တန်ပြန်ခဲ့ခြင်း)
ကာကွယ်ထိုးဆေး သို့မဟုတ် သောက်ဆေးကြောင့် မမျှော်လင့်သည့် စိုးရိမ်ဖွယ်သက်ရောက်မှု တခုခုဖြစ်ခြင်း။ မမျှော်လင့်ခဲ့သည့်အဖြစ်အပျက်။
ကာကွယ်ဆေးထိုးပြီးနောက် တန်ပြန်ဆိုးရွားမှုဖြစ်ခြင်း (AEFIs)
ကာကွယ်ဆေးထိုးပြီးနောက်မမျှော်လင့်သည့်တန်ပြန်သည့်အဖြစ်ဆိုး။ ကာ ကွယ်ထိုးဆေး ကြောင့်မဟုတ်ဘဲ အခြား အကြောင်းရင်းကြောင့် ဖြစ်ပေါ်လာနိုင်ခြင်း
ကာကွယ်ထိုးဆေးဆိုင်ရာ အကြံပြုကော်မတီ (ACV)
ဆေးဘက်နှင့်သိပ္ပံပညာဆိုင်ရာများကိုအကြံပေးသည့်ပညာရှင်အဖွဲ့။ဤအဖွဲ့သည်သြစတျေးလျအစိုးရ၏ကျန်းမာရေးဝန်ကြီးဌါနနှင့် ဆေး နှင့် ဆေး ပစ္စည်းထိန်းသိမ်းစီမံရေး (TGA) ကိုထိုးဆေးများ
လုံခြုံစိတ်မျမှုနှင့်ပတ်သက်၍အကြံပြုသည်။အသက်ဘေးအန္တရယ်ပေးနိုင်သည့်ဆေးနှင့် မတဲ့သည့်တုန့်ပြန်မှုဖြစ်ခြင်း
အစားအစာသို့မဟုတ်ဆေးကြောင့်မြန်ဆန် စိုးရိမ်ဖွယ်တုန့် ပြန်ခြင်း။ ဖြစ်ပေါ်လာသည့်လက္ခဏာများမှာ၊ အသက်ရှူခက်ခဲ့ခြင်း၊ မေ့မျောခြင်း၊ သွေးပေါင်ချိန်ကျခြင်းများပါဝင်၍ လူနာအနေဖြင့် အရေးပေါ်ကုသမှုရယူရန်လိုအပ်သည်။ သို့မဟုတ်ပါက တခါတရံသေဆုံးနိုင်သည်။
ကိုယ်ခံပိုးထုတ်လုပ်ရာတွင် လိုအပ်သည် အင်တီဂျင်
ပြင်ပ ကနေ ကိုယ်ခန္ဒာ တွင်း ရောက် လာလျှင် ရောဂါ ဖြစ်စေ နိုင် တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို ဖြစ်သည်။ ကိုယ်ခံအား ပိုးက ယင်းတို့ ကို တွေ့ ရင် ရောဂါ ကိုတိုက်ဖျက် နိုင်တဲ့ ကိုယ်ခံအား ကို ထုတ်ပေးသည်။
ပူးတွဲဆက်စပ်မှု
အဖြစ်အပျက်တခုနှင့် အခြားတခု တချိန်တည်းဖြစ်ပေါ်ခြင်း။
တချိန်တည်းမှာဖြစ်တဲ့အတွက်ကြောင့်၊ အကြောင်းအရာတခုကြောင့် နောက်တခု ဆက်ဖြစ်တယ်လို့မယူဆနိုင်ခြင်း.။ရောဂါလက္ခဏာမရှိခြင်း
ရောဂါလက္ခဏာမတွေ့ရှိ ခြင်းကို ဆိုလိုသည်။
အားလျှော့ထားသည့် ကာကွယ်ဆေး
ကာကွယ်ဆေးများသည်အားလျှော့ထားသည့်ရောဂါပိုးများကိုဖြစ်စေသည့် ဆေးများကိုအသုံးချသည်။ ဤကာကွယ်ဆေးများကို အသုံးချ၍ သဘာဝအားဖြင့်ဖြစ်သည့် ရောဂါပိုးများကို ကာကွယ်ပေးသည်။ ၄င်းသည် ရေရှည်အားဖြင့်စွမ်းအားကောင်သည့်ကိုယ်ခံအားကိုပေးသည်။
ကာကွယ်ဆေးထိုးခြင်းကို မှတ်ပုံတင်ခြင်း
သြစတြေးလျနိုင်ငံသားများအားလုံးကို ထိုးထားသမျှကာကွယ်ဆေးများကို စါရင်းပြုမှတ်ပုံတင်ထား သည့် အီလက်တြောနစ် မှတ်ပုံတင် စါရင်း။